သူတော်ကောင်းဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို ပိုစ့်တစ်ခုမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့်.. တိပိဋကယောဆရာတော်ဘုရားကြီးရဲ့ သူတော်ကောင်းဆောင်ပုဒ်လေး ဖတ်မိပြီး ပိုပြီးပြောချင်တဲ့စကားလေးတွေ ရှိလာတဲ့အတွက် ထပ်မံရေးသားခြင်းဖြစ်ပါတယ်။ သူတော်ကောင်းဆိုတဲ့ စကားလုံးလေးကို လူတွေတော်တော်များများ သုံးကြပါတယ်။ ဒီလူက သူတော်ကောင်းပဲ.. သူတော်ကောင်းပဲနဲ့ ဘာကိုကြည့်ပြီးတော့ သူတော်ကောင်းလို့ ပြောတာလဲဆိုတာလေး စဉ်းစားမိပါတယ်။ လူတစ်ယောက်ကိုကြည့်ပြီး ဘယ်လိုအရည်ချင်းတွေနဲ့ပြည့်စုံတဲ့သူကို သူတော်ကောင်းလို့ ခေါ်တာလဲ..။ အလှူအတမ်းတွေ များများလုပ်တာကို သူတော်ကောင်းလို့ ပြောတာလား.. ဒါမှမဟုတ် တရားရိပ်သာတွေဝင် တရားအလုပ်တွေလုပ်ပြနေတာကို သူတော်ကောင်းလို့ ပြောတာလား..။ ဘယ်လိုအရည်ချင်းတွေနဲ့ ပြည့်စုံတဲ့သူကို သူတော်ကောင်းလို့ ခေါ်တာလဲ။
သူတော်ကောင်းရဲ့ အရည်ချင်းတွေဟာ ဘယ်လိုအရည်ချင်းတွေလဲဆိုတာကိုတော့.. တိပိဋကယောဆရာတော်ဘုရားကြီးရဲ့ သူတော်ကောင်းအဖွင့်စာသားလေးက မြင်သာအောင် မီးမောင်းထိုးပြနေပါတယ်..။
အင်မတန်မှ နှစ်သက်သဘောကျစရာ ကောင်းလှပါတယ်။ လူအများစုက အပြင်ပန်းပြောပုံဆိုပုံ လုပ်ပုံကိုင်ပုံတွေကြည့်ပြီး အပေါ်ယံအမြင်နဲ့ သူတော်ကောင်းဆိုတာကို ဆုံးဖြတ်ကြတာများပါတယ်။ တကယ်က အတွင်းက အနှစ်သာရကို မြင်အောင်ကြည့်နိုင်မှသာ သူတော်ကောင်းရဲ့တန်ဖိုးကို သိရှိမှာဖြစ်ပါတယ်။ အလှူတမ်းတွေကို လူမြင်ကောင်းအောင်လုပ်ပြပြီး အတွင်းစိတ်ကသူတစ်ပါးကို ပျက်စီးစေချင်တဲ့သူတွေ တပုံကြီး ရှိကြပါတယ်။ ဘယ်လောက်ကြီးပဲ တရားအလုပ်တွေလုပ်နေပါတယ်.. တရားအားထုပ်နေပါတယ်ပြောပြော.. သူတော်မှ ကိုယ်ကောင်းမယ်ဆိုတဲ့စိတ်ဓါတ်မျိုး ရှိနေပြန်ရင်လည်း သူတော်ကောင်းစစ်စစ် မဖြစ်သေးပါဘူး..။ တရားအလုပ်တွေလုပ်တယ်.. တရားအားထုပ်တယ်ဆိုတာကိုက သူတော်ကောင်းဓါတ်ခံတွေများလာဖို့ သူတော်ကောင်းဓါတ်ခံတွေ တိုးလာဖို့အတွက်ဆိုတာလေးကို သဘောပေါက် နားလည်ထားဖို့ လိုအပ်ပါတယ်။ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်လောက်တရားအလုပ်တွေ လုပ်နေပါတယ်လို့ ပြောနေပါစေ.. သူတော်ကောင်းစစ်စစ် မဖြစ်သေးပါဘူး။ သူကတော်တော်မတော်တော် ကိုယ်ကတော်မှကောင်းမှသာ တကယ့်သူတော်ကောင်းတွေ ဖြစ်လာမှာပါ။
ဒီအကြောင်းရာလေးနဲ့ပါတ်သက်လို့ ပြောမိတော့.. ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဟောကြားခဲ့တဲ့ တရားတော်ထဲက အဖြစ်ပျက်လေးတစ်ခုကို ပြောပြချင်မိပါတယ်။ ရွာတစ်ရွာမှာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ သူတော်ကောင်းလို့ နာမည်ကျော်ကြားတဲ့ သူဋ္ဌေးမကြီး တစ်ယောက်ရှိပါတယ်။ သူ့အိမ်မှာလည်း သူ့ကိုအလုပ်ကျွေးပြုနေတဲ့ အခြွေရံတွေများစွာ ရှိတယ်ပေါ့။ ဒီတော့ တစ်နေ့ကျ အိမ်မှာရှိတဲ့ ကျွန်မလေးတစ်ယောက်က.. သူဋ္ဌေးမကြီးဟာ သူတော်ကောင်းမကြီးလို့ နာမည်ကြီးတယ်။ ဒီတော့ ကျွန်မလေးက သူဟာတကယ့်သူတော်ကောင်း ဟုတ်မဟုတ်ဆိုတာကို စမ်းသပ်ချင်မိပါတယ်။ သူနဲ့ဆက်ဆံတဲ့သူတွေ အများစုက သူ့အပေါ်ကောင်းနေလို့.. သူတော်လို့ ကိုယ်ကောင်းနေတဲ့ သူတော်ကောင်းမျိုးလား.. ဒါမှမဟုတ် သူကိုယ်တိုင်ကိုယ်က သူတော်ကောင်းဓါတ်ခံရှိတဲ့အတွက် ဘယ်သူမကောင်းကောင်း သူကကောင်းနေတဲ့ သူတော်ကောင်းလားဆိုတာ သေချာသိချင်တဲ့အတွက် စမ်းသပ်ကြည့်ပါတယ်။ ဒါနဲ့တနေ့တော့ ကျွန်မလေးက အလုပ်မဆင်းပဲ သူ့နေရာမှာ အိပ်နေပါသတဲ့.. ဒါနဲ့သူဋ္ဌေးမကြီးက ဘာလို့အလုပ်မဆင်းတာလဲဆိုပြီး လာမေးပါတယ်..။ ဒါနဲ့ ကျွန်မလေးက ဘာမှမဖြစ်ပါဘူး ဆိုပြီး ပြန်ပြောပါတယ်။ ဒါနဲ့ သူဋ္ဌေးမကြီးလည်း စိတ်ဆိုးမာန်ဆိုးနဲ့ မျက်စောင်းထိုးပြီး ပြန်သွားပါတယ်။
နောက်တနေ့ကျထပ်ပြီး ကျွန်မလေးက အလုပ်မဆင်းပြန်ပါဘူးတဲ့။ ဒါနဲ့ သူဋ္ဌေးမကြီးက ဒုတိယနေ့မှာတော့ ဒီကောင်မတော့ဆိုပြီး အော်ငေါက်ပြီး ပြန်သွားပါတယ်။ တတိယမြောက် အလုပ်မဆင်းတဲ့နေ့မှာတော့ ဘာမှမမေးတော့ပဲ တံခါးမှာချိတ်ထားတဲ့သံချွန်နဲ့ ကျွန်မလေးရဲ့ ခေါင်းကို ပေါက်ထုပြီး စိတ်ဆိုးဆိုးနဲ့ ထွက်သွားပါတော့တယ်။ အဲ့ဒီ့အခါကျမှ ကျွန်မလေးက အော်.. သူဋ္ဌေးမကြီးဟာ ငါကသူ့အပေါ်ကောင်းနေလို့ သူကပြန်ကောင်းနေတဲ့ အမည်ခံသူတော်ကောင်းပဲ.. သူ့ရဲ့ပင်ကိုယ်ဓါတ်ခံက သူတော်ကောင်းဓါတ်ခံအစစ် မဟုတ်ပါလားဆိုတာကို ခွဲခြားပြီး သိသွားပါတော့တယ်တဲ့။ ဖော်ပြပါ အကြောင်းရာထဲက သူဋ္ဌေးမကြီးရဲ့နေရာမှာဆိုလည်း လူအများစုက ဒီလိုပဲလုပ်မိကြမယ် ထင်ပါတယ်။ ငါ့ကိုမလေးစားတာလား.. ငါ့ကိုရွဲ့တာလား ငါ့ကိုပမာမခန့်လုပ်တာလားဆိုပြီး လူအများစုက သူဋ္ဌေးမကြီးလို လုပ်မိကြမှာပါပဲ။ ဒါ့ကြောင့် သူတော်ကောင်းဆိုတဲ့ စကားလုံးလေးဟာ အပြင်ပန်းအနေနဲ့ ပြောလိုက်ရတာ ကြည့်လိုက်ရတာသာ လွယ်ပါတယ်.. တကယ့်အတွင်းထဲမှာရှိနေတဲ့ သူတစ်ပါးရဲ့အတွင်းစိတ် သူတော်ကောင်းဓါတ်ခံကိုတော့ သေချာသိဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။
သူတော်ကောင်းတွေရဲ့ အတွင်းဓါတ်ခံစိတ်ဓါတ်တွေကို ကြည့်ဖို့ခက်ခဲသလို.. သူတော်ကောင်းစစ်စစ်ဖြစ်ဖို့အတွက် ကျင့်ကြံနိုင်ဖို့ဟာလည်း ခက်ခဲပြန်ပါပေတယ်..။ ဒါ့ကြောင့်မလို့လည်း သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ ဆိုတဲ့စကားကို လူတိုင်းနီးပါး သုံးနေကြတာပါ။ သင်မကောင်းလည်း ကျွန်ုပ်ကောင်းမည် ဆိုတဲ့စကားကိုလည်း လူအနည်းစုသုံးကြပါတယ်.. ဒါပေမယ့် တစ်ခါက နှစ်ခါ.. နှစ်ခါကသုံးခါဆိုရင်တော့ မရဘူးဆိုတဲ့သူတွေ ရှိကြပြန်ပါတယ်။ တချို့ဆိုရင်.. သူတစ်ပါးကကောင်းတာတောင် ကိုယ်ကမကောင်းနိုင်တဲ့သူတွေဖြစ်တဲ့အဆင့်ထိ ရှိကြပါတယ်.. ဒါကတော့ သူတော်ကောင်းဆိုတဲ့ စကားလုံးနဲ့ ကြာလေဝေးလေပဲ ဖြစ်နေတော့မှာပါ။ သူဘယ်လိုမကောင်းကောင်း အမြဲတမ်းကောင်းနိုင်မယ့် သူတော်ကောင်းတွေဖြစ်ဖို့အတွက်ကတော့ အမြဲတမ်း သူတော်ကောင်းဖြစ်ချင်တဲ့ စိတ်လေးတွေမွေးပြီး ကျင့်ကြံနိုင်မှသာ ရရှိလာမှာဖြစ်ပါတယ်။
သူတော်ကောင်းဓါတ်ခံအကြောင်းလေး ပြောမိတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သူတော်ကောင်းဓါတ်ခံအားတွေဟာ ဘယ်လောက်အထိ မြင့်မြတ်တယ်ဆိုတဲ့အကြောင်းလေး ပိုမိုပြီးသိရှိလာရပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအပေါ် အမျိုးမျိုး လုပ်ကြံသတ်ဖြတ်တဲ့သူတွေ.. စွပ်စွဲပုတ်ခတ်တဲ့သူတွေ.. မတော်မတရား သတင်းလွှင့်တဲ့သူတွေ များစွာကို ဘုရားရှင်ကိုယ်တော်တိုင် ကြုံတွေ့ခဲ့ရတာပါ။ ဒါတွေကို ဘုရားရှင် ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့သလဲဆိုတာ အားလုံး သဘောပေါက် နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဘယ်သူက ဘယ်လောက်မကောင်းတာတွေပြောပြော မကောင်းတာတွေ ပြုမှုနေပါစေ.. ဘယ်သူ့အပေါ်မှ ဘယ်အကြောင်းကြောင်းကြောင့်မှ စိတ်ရှုပ်စိတ်ညစ်သွားခဲ့တာ မရှိခဲ့ပါဘူး။ ဒီအချက်တွေက ဘုရားရှင်ရဲ့ သူတော်ကောင်းစိတ်ဓါတ်တွေ ဘယ်လောက်အထိ မြင့်မြတ်ကြည်ညိုဖို့ ကောင်းတယ်ဆိုတဲ့အကြောင်းကို သက်သေပြနေတာပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူကိုယ်တိုင်လည်း သူတော်ကောင်းဖြစ်အောင်ကျင့်ကြံမှုတွေနဲ့ သတ္တ၀ါတွေအားလုံးကို ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ပြခဲ့သလို.. သတ္တ၀ါတွေအားလုံးကိုပါ သူ့လိုဖြစ်စေချင်တဲ့စိတ်ထားတွေနဲ့ မြင့်မြတ်သူတွေရဲ့ စိတ်ထားတွေကို လမ်းပြပေးခဲ့တာပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ မေတ္တာတရားတွေကို တန်ဖိုးထားတယ်ဆိုရင်ဖြင့် ဘုရားရှင်ရဲ့ အဆုံးမအတိုင်း လိုက်နာကျင့်သုံးသင့်လှပါတယ်။
ကျွန်တော်တို့တွေဟာ ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက် ဘုရားရဟန္တာအရှင်သူမြတ်တွေလောက်တော့ သူတော်ကောင်းဓါတ်ခံတွေပြည့်ဝနေမှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် ရရှိလာတဲ့ဘ၀ ရရှိလာတဲ့အချိန် အခိုက်တန့်လေးမှာ သူတော်ကောင်းဓါတ်ခံစိတ်ဓါတ်ဆိုတာလေး နားလည်းသဘောပေါက်ပြီး သူတော်ကောင်းဖြစ်ချင်တဲ့စိတ်လေးတွေ တတ်နိုင်သမျှ အမြဲမွေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဘုရားရှင်သာဓုခေါ်တဲ့ သူတော်ကောင်းစစ်စစ်ဘ၀ကို ရရှိလာမှာဖြစ်ပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဟောပြဆုံးမသလိုဆိုရင်ဖြင့်.. “လူဆိုတာ မိမိကိုယ်ကို အချိန်တိုင်းမှာ ကောင်းသထက် ကောင်းအောင်ပြုပြင်နေရမယ်.. ဘယ်အချိန်ထိ ပြုပြင်နေရမလဲဆိုလျှင် သေသည့်အချိန်ထိ ပြုပြင်နေရမှာပဲ” ဆိုတဲ့ဆုံးမစကားလေး အတိုင်းပါပဲ.. ဒီစကားလေးကို နှလုံးသွင်းရင်းဖြင့် အချိန်တိုင်းအချိန်တိုင်းမှာ သူကတော်တော်မတော်တော် သူကကောင်းကောင်း မကောင်းကောင်း.. ကိုယ်က တော်နိုင် ကောင်းနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ သူတော်ကောင်းစိတ်ဓါတ်လေးတွေ အစဉ်အမြဲ မွေးမြူနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းဖြင့်..။

“သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်ကကောင်းပေးရတာဘဲ၊ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ.. သူကတော်တော် မတော်တော် ကိုယ်ကတော်ရမယ်.. သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းရမယ်.. ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်”
ဆိုတဲ့ဆုံးမစကားလေးပဲ ဖြစ်ပါတယ်။

6 ဆွေးနွေးအကြံပြုရေးသားရန်...:
သူတော်ကောင်း စိတ်ကို အတတ်နီုင်ဆုံး မွေးမြူနိုင်အောင် ကြိုးစားနေပါတယ်ရှင် ကျေးဇူးတင်ပါတယ် ကိုမောင်ကောင်း
March 2, 2011 8:43 PMဒို့မြန်မာပြည်ကြီး ခံစားနေရတယ်မဟုတ်လား သင်္ကန်းခြုံဂတုံးတို့။ အဘယ့်အချိန်ကာလပတ်လုံးထိ လိမ်ညာသောလမ်းမှမရုန်းထွက်ဘဲ ရှိနေအုံးမှာလဲ??? အိုး အဆွေသင်္ကန်းခြုံဂတုံးတို့ သင်တို့သည် ရှေးဦးစွာ မိမိ့လက်နှင့်မိမိ့ဝမ်းစာကို ရှာပါစေ။ မိမိ့ဝမ်းစာအတွက်ပင်လျှင် သူတောင်းစားကဲ့သို့ ဝမ်းစာရှာနေသော သင့်တို့အား ကျွန်ုပ်အဘယ်ကဲ့သို့ ယုံကြည်ရမည်နည်း။အလှူဒါနပြုသူများက သင်တို့အား ငွေအလှူကိုပြုပြီးသည့်တိုင်မှ မတင့်တိမ်၊ မရောင့်ရဲနိုင် ထပ်၍ပင် စားဖွယ်သောက်ဖွယ်အလှူများကိုပင် ထပ်၍တောင်းနေကြသည့်မှာ သင်တို့သည် သူတောင်းစားထက်ပင် ပို၍ဆိုးနေကြသည့် မဟုတ်လော့။ သင့်တို့နေ့စဉ်ရက်ဆက် စားသောက်နေရသော် အစားအသောက်ပင်လျှင် မိမိ့လက်နှင့် မချက်မပြုတ်နိုင်။ ထို့ကြောင့် အပျင်းတကာအပျင်းဆုံးသူများသည် သင်တို့ပင် ဖြစ်ကြသည်။ သင်တို့သည် ကျွေးမွေးလှူဒါန်းကြသော်၊ အစားအသောက်ပင်လျှင် ကဲ့ရဲ့ရှုံ့ချလျက် အသား၊ငါးများမသတ်ရ ဥပဒေကို ကိုယ်တိုင်ချမှတ်လျက်နဲ့ပင် ကျွေးမွေးသည့်အခါ မြိန်ရေရှက်ရေ စားသောက်ကြသည်။ ထို့ကြောင့် သင်တို့သည် ကျွေးသောသခင့်လက်ကို ပြန်ကိုက်သော်၊ ခွေးနှင့်ပင် ခိုင်းနှိုင်းစရာ ရှိသည်။
March 8, 2011 11:25 PMhttp://messengerforbuddhist.blogspot.com/
March 8, 2011 11:26 PMဗုဒ္ဓကျမ်းကို ခဏခဏ မပြင်ဖို့ တောင်းဆိုလိုပါတယ်. ဗုဒ္ဓ၀င်ကျမ်းအား ရှင်ဂေါတာမ သေပြီးပြီးခြင်း ပြုစုထားသည်မဟုတ်ပါ.. နှစ်ပေါင်း (၅၀၀)ကျော်မှ ဤကျမ်းအား ရဟန်းနာ ဘုန်းကြီးများက ပြုစုထားသည်ဟု wiki ကမှာ တွေ့ရှိနိုင်ပါတယ်....
March 11, 2011 8:01 PMတကယ်မှန်သော် တကယ်ထင်ရှားမည်... မည်သူကမှ ဖယောင်းတိုင်မီးအား အလုံပိတ်ပုံးထဲတွင် မီးမသွားထွန်းပါဘူး.. လူအများအလင်းရှာရှိမည်နေရာတွင်သာ ဖယောင်းတိုင်မီးအား ထွန်းထားကြပါတယ်. ဗမာစကားပုံအရ ဟုတ်လျှင် ကျော်၊ ပုပ်လျှင် ဖော် . ဆိုသည့်စကားပုံအတိုင်းပဲ ယနေ့ လူအနည်းစုသာ ကိုးကွယ်တော့သည် ဘာသာတရားပင်ဖြစ်ပါတယ်...
ဗုဒ္ဓဘာသာဝင် သန်းပေါင်း ၃၅၀ ဆိုတာ အိန္ဒိယတနိုင်ငံစာ၏ လူဦးရေထက်ပင် အလွန်လွန်နည်းပါးပါတယ်. အိန္ဒိယနိုင်ငံဟာ ဟိန္ဒူဘာသာဝင်များ နိုင်ငံဖြစ်ပါတယ်.... သန်းပေါင်းတစ်ထောင် (၁၀၀၀) ကျော်ရှိပါတယ်.... ၈၅% ဟာ ဟိန္ဒူဘာသာဝင်များ ဖြစ်ပါတယ်.. ကျန်ရှိသည့် မွတ်စလင်မ် ခရစ်ယာန် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြပါတယ်...စာရေးသူ ဘာပြောချင်လဲဆို သူ၏စကားနှင့် ပြောဆိုသိမြင်နိုင်စွမ်းရှိသည်သူများပင် သူ၏စကားကို ကောင်းကောင်း နားလည်နေတဲ့သူ တွေကပင် ရှင်ဂေါတာမအား မကိုးကွယ်ကြသည်ကို တွေ့ရှိရမည် ဖြစ်ပါတယ်.... နောက်များမလည်း ဒီဘာသာကို စွန့်လွှတ်ဖို့ လူအများ ရှိလာမည့်ကို စာရေးသူ ယုံကြည်ပါတယ်၊ ယနေ့ တရုတ်နိုင်ငံမှာဆို ဗုဒ္ဓဘာသာဟာ ပျောက်ကွယ်လု ဖြစ်နေပါပြီ
ပထမသံဂါယနာတင်တွင် ဓမ္မနှင့်ဝိနယကို အာဂုံရွတ်ဆိုကြသည်။ ဒုတိယ တတိယတို့သည်လည်း အလားတူပင် အာဂုံရွတ်ဆိုကြသည်။ အဘိဓမ္မာ မပါဝင်သေးပေ၊ စတုတ္ထသံဂါယနာ တင်၏ နောက်ပိုင်းကျမှ အဘိဓမ္မာဟူ၍ ပေါ်လာခြင်းဖြစ်သည်။
March 11, 2011 8:02 PM(ဗုဒ္ဓ၀ါဒအခြေခံသင်တန်း၊ ၇၀)
သီဟိုဠ်ခေတ် စောစောပိုင်းကပင် အဘိဓမ္မာပိဋကမှာ ထင်ရှားပြီးဖြစ်သည်။
ဤသို့ဖြင့် ထေရ၀ါဒီတို့၏ အဘိဓမ္မာစာပေစုသည် ပိဋကတစ်ဆူအဖြစ် စုစည်းတည်တန့်နေချိန်မှာ တတိယသံဂါယနာ တင်ချိန် (ဘီစီ-၂၄၄)ထက် နောက်မကျနိုင်ချေ၊ သို့စင်လျက် ရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ၀ါတွင်သုံးလတိုင် ဟောကြားခဲ့သော အဘိဓမ္မာ ၇-ကျမ်းကို (ဗုဒ္ဓမတညူ) ဘုရားဉာဏ်ဆောင်၍ ရေးသားသည်ဟု ယုံကြည်လက်ခံထားကြခြင်းမှာ ထားသူတို့၏ သက္ကာယအစွဲမျှသာ ဖြစ်ရချေမည်။ (၎င်းစာ- ၇၈)
ယင်းအဘိဓမ္မာ ၇-ကျမ်းကို ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ဟောသည်ဟူသော အချက်မှာ အဋ္ဌကထာဆရာ ရှင်ဗုဒ္ဓဃောသ၏ ထွင်လုံးပုံပြင်မျှသာဖြစ်ကြောင်း ထင်ရှားလှပေသည်။
သူတော်တော်မတော်တော် သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကကောင်းအောင်ပြုမူနိုင်တဲ့စိတ်လေးကို အမြဲတမ်း ထားနိုင်အောင်ကြိုးစားပါ့မယ်။ စိတ်လေးအေးချမ်းသွားပါတယ်ရှင်။
January 16, 2012 11:14 PMလေးစားခင်မင်လျက်
သဒ္ဓါ
Post a Comment